မြန်မာဘာသာ
You are here: Home > News > International > Article

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် ဒုတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီးစီး

2018-01-14 16:12:08
    ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် ဒုတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ယခုလ ဇန်နဝါရီလ ၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ ပီကင်းတွင် ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးကို ၁၃ရက်နေ့ နံနက်ပိုင်းက ကျင်းပပြီးစီးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။     ၄င်းအစည်းအဝေးတွင် ရှီကျင့်ဖိန်၏ ကာလသစ်၌ တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်၏ လမ်းညွှန်မှု အရ တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံမှ မဟာဗျူဟာမြောက် စီစဉ်ပေးမှုကို လက်တွေ့ကျင့်သုံးကာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် တစ်ပါတီလုံး၌ ရှီကျင့်ဖိန်၏ အမြုတေ အဆင့်နေရာကို ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း အလေးထား ဖော်ပြသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ